Friday, July 27, 2012

တို့ဝေးမှာလား

  တို့ဝေးမှာလား

ခင်လာမယ်လို့ မထင်ခဲ့
မျှော်တတ်မယ်လို့ မတွက်ခဲ့ 
မင်းကြောင့် ပျော်ရွှင်တတ်ခဲ့ပါပြီ.........

တွေ့ရရက်တွေ နည်းခဲ့ပေ
လွမ်းရရက်ရှည် ကြာညောင်းလေမှာ
ကြောက်မိနေတာ အမှန်ပါ..............

မင်းရဲ့ ရိုးသားတဲ့ စိတ်ထား
ဖော်ရွေတဲ့ အပြုံးများ
ပွင့်လင်းတဲ့ နှုတ်ဖျား
ကံကြမ္မာဆိုးတွေကြောင့်
ဝေးကြလေမလား..........

ဘယ်လောက် ဝေးဝေး
ဘယ်တွေ ရောက်ရောက်
ရေမြေတွေခြား ဝေးကွာသွားလည်း
ရင်မှာအမြဲ နင်ရှိဆဲပါ.......... 
 
ဖုန်းလှိုင်းပေါ်က ဒီအသံ
အချိန်ရောက်တော့ မျှော်မိပြန်
တစ်နေ့ဝေးရန် ကြောက်မိပြန်တာ
အမှန်ပါ.......................

နားလည်ပေးပါ


­­

   နားလည်ပေးပါ

လွမ်းမိခဲ့တယ်

နေ့တွေကို အတွေနဲ့ကျော်ဖြတ်

သူကြောင့် ပျော်ရွှင်တတ်ခဲ့တာကို

နားလည်ပေးပါ............

လွမ်းလွန်းလို့ ပူဆွေ

ငါတွေးတဲ့  နေ့တွေမှာ

မင်းအကြာင်းတွေ ဆိုတာ

နားလည်ပေးပါ............

မေ့လိုက်ချင်ပါတယ်

ရောက်လာတာက မင်းအကြောင်း

တွေးမိနေတာ မင်းပုံရိပ်

မသိစိတ်ရဲ့ အိပ်မက်လေးမှာတောင်

စိုးမိုးလာတယ်......
ကံဆိုးချင်းတွေ ဆိုက်ရောက်လာ

အွန်းလိုက်ပျောက်မှာ ကြောက်မိတာ

အဲ့ဒါ ငါ့အတွေးလေးပါ..............။

ကြုံကာတစ်နေ့ ဆုံကာတွေ့ရင်

အရင်လိုပဲ ခင်ပေးပါ..................

မင်းအတွက် ထာဝရ









Monday, June 4, 2012

ရူးသွပ်နေသူ

ဘ၀တစ်ကွေ့
ခဏတွေ့လည်း
ရင်မှာအမြဲ
ကြင်နာဆဲမို့
တို့ရဲ့အသည်း 
ကျွမ်းလုသွားလည်း
ချစ်နေမယ်....................။
ရေမြေတွေခြား
ဝေးကွာသွားလည်း
စိတ်မှာအမြဲ
မြင်ယောင်ဆဲမို့
လေလိုင်းကိုလည်း
အားကိုးတယ်..........။
ဘယ်လောက်ဝေးဝေး
ဘယ်တွေရောက်ရောက်
မျက်ဝန်းထဲမှာ
သူ့ပုံရိပ်
အတွေးတိုင်းမှာ
သူ့ရုပ်လွှာ
မေ့မရတာ
ချစ်လို့ပါ ......................။
တို့အိမ်မက်မှာ
သူဝင်ပါ 
သူစကားတွေ
အရမ်းချိုသာ
လန့်နိုးလာမှ
ဟာ..............................။
လက်တွေ့ဘ၀နဲ့
အရမ်းကွာခြား
မင်းအမုန်းကြောင့်
ငါသေသွားလေမလား............။


Saturday, June 2, 2012

သူတို့ဘ၀တွေ အေးမျှစေ


မြူမှုံတွေ အုံ့မှိုင်း
တောင်တန်းတွေ ရစ်ကာသိုင်းတဲ့ 
ချင်းတောင်စဉ်ကြား
လေးမြို့ချောင်းဖျားရဲ့
တောင်စွယ်လေးမှာ
ကော်ဖီခွက်ရယ် အတွေးလေးတစ်စရယ်
ထူးထူးခြားခြား သူတို့ဘ၀အကြောင်းလေး တွေရယ်ပေါ့.......။
ရိုးသားတဲ့ သဘာဝ 
ဖော်ရွေတဲ့ သူတို့ဘဝ
ကူညီပေးတဲ့ သူတို့မန 
ဘယ်သောအခါမှ မေ့မရ..........
အော်.........သူတို့တွေရဲ့ဘဝ
အစဉ်မှပြေပါစွ..........။
တောင်တန်းတွေပေါ် တာဝန်ကျ
ဘာသာရေးတွက် ကြိုးပန်းရ
ငှက်ဖျားတွေကို ကာကွယ်မှ
တစ်ချို့က အသက်ပါပေးခဲ့ကြ
တွေးမိလေတိုင်း ၀မ်းနည်းရ
အော်.......တောင်တန်းဘ၀.......။
တောင်တန်းပေါ်က ဘ၀ 
နှစ်နှစ်ပြည့်လို့ ပြီးဆုံးက
ဘ၀ရှေ့ရေး အစဉ်တွေး
ပညာရေးတွက် ခရီးထွက်
အလင်္ကာမြေမှာ အပျော်တွေဆက်
တောင်တန်းတွေနဲ့ ကွာခြားချက်
ဝမ်းနည်းမှုတွေ ရင်စို့တက်
သနားမှုတွေ အနှိုင်းမဲ့
အတွေးတစ်စက နောက်သို့လှည့်
တောင်းတန်းဘ၀ကို အမှတ်တမဲ့
တမ်းတမှုတွေ ပြည့်နက်ခဲ့
.............................................
တောင်တန်းပေါ်က သူတို့ဘဝ
အော်.......အစဉ်မှပြေပါစွ.........................
 

Sunday, May 27, 2012

ဘာသာရေးစစ်တမ်း အပိုင်း ၁







    ကာလာမတို့ကိုပြောခဲ့သည်မှာ...........................................
ကာလာမရွာသားများက ဘာသာရေးခေါင်းဆောင်တွေရောက်လာတိုင်းရောက်လာတိုင်း တရားနာခြင်း တရားစကားဆွေးနွေးခြင်းများလည်းပြုလုပ်ကြပါတယ်။ ရောက်လာတဲ့ဘာသာရေးခေါင်းဆောင်တိုင်းက ငါ့ဘာသာကကောင်းတယ် ငါ့ဘာသာကမှန်တယ် တစ်ခြားဘာသာရေးတွေက ဘာမှမဟုတ်ဘူးဆိုပြီးရောက်လာတဲ့ဘာသာရေးခေါင်းဆောင်တိုင်းက ပြောသွားကြလို့ ကာလာမရွာသွားတွေမှာ ဘယ်အရာကအမှန် ဘယ်အရာကအမှား ဆိုတာ တကယ်ကိုဝေခွဲမရဖြစ်နေခဲ့ရတယ် ။ 
      တစ်နေ့မှာ သဗ္ဗညုတဥာဏ်ပိုင်ရှင် [အလုံးစုံသိမြင်နိုင်သော ] မြတ်စွာဘုရားက ကာလာမရွာကိုရောက်လာခဲ့ပါတယ် ။ ကာလာမရွာသားတွေက ဂေါတမဆိုသော ဘာသာရေးခေါင်းဆောင်ရောက်လာပြန်ပြီတဲ့ အရှင်ဂေါတမလည်း ရှေးအရင်က ဟောသွားတဲ့ ဘာသာရေးခေါင်းဆောင်တွေလိုပဲ သူ့ရဲ့ဘာသာကောင်းတယ် သူ့ရဲ့ဘာသာကမှန်တယ်လို့ ပြောမှာပဲဟု ထင်ခဲ့ကြတယ် ။ ဒီလိုနဲ့ တရားပွဲကျင်းပကြလေရာ တရားမဟောခင် ကာလာမရွာသားများက ဘုရားကိုစကားလေးအနည်းငယ်လျှောက်ထားကြပါတယ် အဲ့ဒါလေးကတော့ '' ရှင်တော်ဂေါတမဘုရား အကျွန်ုပ်တို့ကို သူတို့ဘာသာပဲကောင်းတယ် သူတို့ဘာသာပဲမှန်တယ်လို့ဟောခဲ့ပါတယ် ဘုရား''  ဒါကြောင့် ဘယ်တရားကအမှန် ဘယ်တရားကအမှားဆိုတာ ဟောကြားတော်မူပါဘုရားလို့လျှောက်ထားပါတယ်'' 
      မြတ်စွာဘုရားရှင်က  ``ကာလာမတို့  .   .  .
                ဘာသာဝါဒ မတူကြ၍ လောကအတွင်း ငြင်းခုန်းခြင်းဖြင့် ဆင်းရဲဒုက္ခရောက်ကုန်ကြ၏။ ၀ါဒအယူ မှားခဲ့မူကား ဆူဆူဗုဒ္ဓ ကယ်မရသည့် လေးဝပါယ်ဘုံ
 ဘေးတွေ့ကြုံလိမ့် စေ့စုံဥာဏ်ဖြင့် မျှော်ထောက်ခြင့်ကာ . . . .
၁။ တစ်ဆင့်စကား
၂။ မိရိုးဖလာ
၃။ကောလာဟလ
၎။ကျမ်းစာမျှနှင့်
၅။ကြံဆ
၆။နည်းမှီ
၇။ဆီလျော်သုံးသပ်
၈။ယူချင်းထပ်၍
၉။ယုံအပ်သူပဲ
၁၀။ဆရာစွဲဖြင့်
လွဲပုံစိတ်ချ မယူကြလင့် ဒိဋ္ဌကျင့်ကြံ ကိုယ်ပိုင်ဥာဏ်ဖြင့် မှားမှန်ကောင်းဆိုး သိအောင်ကြိုးဟု မျိုးကာလာမ ဟောညွှန်ပြ ဗုဒ္ဓအယူစစ်တမ်းတည်း ´´ လို့ဟောကြာခဲ့လေတယ် ။

Saturday, May 26, 2012

ငါ့ဘ၀တစ်လျှောက် မင်းကြောင့်

 ငါနင့်ကိုချစ်ခဲ့မိလို့  မသိစိတ်မှာစိုးရိမ်
ဝေးနေချိန်မှာ စိတ်မချ 
အလွမ်းတွေနဲ့ နေ့ရက်တွေကို 
ဖြတ်သန်းနေရတာ ရင်မှာလည်းပန်း
စိတ်မှာလည်း နွမ်းလျှလို့နေခဲ့ဘူးတယ်..........။
တကယ်တော့ ငါ့အချစ်ဟာ
မင်းရင်ကို မပျော်ရွှင်စေခဲ့တာပါလို့ 
အကြိမ်ကြိမ်  ငါ့ကိုပြောတာ  ငါနားလည်ပါတယ် 
တစ်ခြားရင်ခွင် ပြောင်းနေချင်တဲ့ မင်းကို
ငါမတားရက်တော့ပါဘူး  ......................။
ချစ်ခဲ့စဉ် ဟိုချိန်ခါက.................
မင်းပြောခဲ့တဲ့စကား ငါ့ရင်မှာ အခုထိထင်ကျန်ဆဲပါ
''ငါကမှတစ်ခြား'' တဲ့ ဆိုသောမင်းအပြော 
အခုတော့ မေ့ယောပေါ့.................။
မင်းထားခဲ့လို့ လွမ်းခဲ့ဘူးပြီ
မင်းထားခဲ့လို့ ငိုခဲ့ဘူးပြီ
မင်းထားခဲ့လို့ လေခဲ့ဘူးပြီ
ပြီးတော့ ..............
မင်းမုန်ုးလိုက်လို့ ငါ့ဘ၀.......
နေသားကြဖို့ကြိုးစားနေပြီ.........။
အကြောင်းပြချက်မရှိပဲ လမ်းခွဲသွားတဲ့
 ကောင်မလေးရယ်
မင်းဘ၀လေး အရာရာ အဆင်ပြေတယ်ဆိုရင်ပဲ
ငါပျော်နေပါ့မယ် ငါကျေနပ်နေလိုက်ပါ့မယ် 
မင်းအတွက် ငါကချစ်သူမဟုတ်ခဲ့ရင်တောင်
သူငယ်ချင်းလေးအဖြစ်နဲ့ မင်းအနားမှာ
နေခွင့်လေးရရင်ပဲ ငါ့အတွက်ပြည့်စုံလှပါပြီ..........။
                               
                             

Wednesday, May 23, 2012

တစ်ခါတစ်လေ ကိုယ်ကအနိုင်ရမယ်မှန်းသိပါလျှက် အရှုံးပေးလို့ရလာတဲ့ ပျော်ရွှင်မှုလေးက ဘယ်အရာနှင့်မှ ပြောပြလို့မရအောင်ပါ။
  တစ်ခုတော့ မှတ်ထားပေးကြပါ သူတစ်ပါးကို နင်းပြီးရလာမယ့် အခွင့်အရေးမျိုးဆို ဘယ်တော့မှမလုပ်မိအောင် ကြိုးစားကြမယ်။