Friday, July 27, 2012

တို့ဝေးမှာလား

  တို့ဝေးမှာလား

ခင်လာမယ်လို့ မထင်ခဲ့
မျှော်တတ်မယ်လို့ မတွက်ခဲ့ 
မင်းကြောင့် ပျော်ရွှင်တတ်ခဲ့ပါပြီ.........

တွေ့ရရက်တွေ နည်းခဲ့ပေ
လွမ်းရရက်ရှည် ကြာညောင်းလေမှာ
ကြောက်မိနေတာ အမှန်ပါ..............

မင်းရဲ့ ရိုးသားတဲ့ စိတ်ထား
ဖော်ရွေတဲ့ အပြုံးများ
ပွင့်လင်းတဲ့ နှုတ်ဖျား
ကံကြမ္မာဆိုးတွေကြောင့်
ဝေးကြလေမလား..........

ဘယ်လောက် ဝေးဝေး
ဘယ်တွေ ရောက်ရောက်
ရေမြေတွေခြား ဝေးကွာသွားလည်း
ရင်မှာအမြဲ နင်ရှိဆဲပါ.......... 
 
ဖုန်းလှိုင်းပေါ်က ဒီအသံ
အချိန်ရောက်တော့ မျှော်မိပြန်
တစ်နေ့ဝေးရန် ကြောက်မိပြန်တာ
အမှန်ပါ.......................

2 comments:

  1. ကဗျာတွေ လာဖတ်ပါတယ်.. :)

    ReplyDelete
  2. စိတ်မပူနဲ့နော်
    ဝေးပါဘူး

    ReplyDelete