Wednesday, November 28, 2012





Let a man mould himself into what he admonishes others to be.
Thus well-controlled he can control others.
It is extremely difficult indeed to control
one's own self.

သူတစ်ပါးကို အောင်ဖြင်ဖြစ်ထွန်းအောင် ထိန်းကျောင်းတဲ့ အခါမှာ မိမိကိုယ်ကိုလည်း စံပြုထိုက်အောင်လုပ်ပြပါ ။  တစ်ခြားသောသူကို ထိန်ကျောင်းပေးရသည်ထက် မိမိကိုယ်ကို ထိန်ကျောင်းရခြင်းက အစများစွာခက်ခဲပါတယ်။  ။ (ဓမ္မပဒ ၁၅၉) 

(နှလုံးသာ ဒိုင်ယာယီ) လေးပါ


ငါ့နှလုံးသားကို မင်း.....
ဒဏ်ရာတွေ ထပ်ပေးဖို့
မကြိုးစားပါနဲ့တော့.............. (နှလုံးသား ဒိုင်ယာယီ)

             သူကထားခဲ့တယ်ဆိုရင် နေရဲတဲ့ သတ္တိတော့ရှိသင့်တယ်
             သူကမုန်းခဲ့တယ်ဆိုရင် မေ့ရဲတဲ့ သတ္တိတော့ရှိသင့်တယ်
             သူကပြောင်းလွဲသွားတယ်ဆိုရင် ကိုယ်ကကျေနပ်ပေးနိုင်တဲ့ သတ္တိတွေတော့ ရှိသင့်ပါတယ်။
              တစ်ဖတ်သတ် စွဲလမ်းမှုတွေနဲ့ နေ့တွေကို ရှည်ကြာစွာမဖြတ်သန်းပါနဲ့ ........................

အတ္တာဟိ အတ္တနော နာထော




The self is the master of the self.
Who else can that master be?
With the self fully subdued, one obtains the sublime refuge which is very difficult to achieve.

မိမိသည်သာလျှင် ကိုယ်ကွယ်ရာ ဖြစ်ပေသည်။
မိမိမှ တစ်ပါး အခြားအားထားရာ ရှိတော့မည်နည်း။
ကိုယ့်ကိုယ့်ကို ယုံကြည့်ခြင်းသည်  ရရှိဖို့ရန်ခက်ခဲ့သော
အောင်မြင်မှုတွေကို အံ့အားသင့်လောက်အောင် မိမိမှရရှိမည်ဖြစ်ပေသည် 

Sunday, November 18, 2012

အချစ်နှင့် မေတ္တာနှိုင်းယှဉ်မှု


အချစ်နှင့် မေတ္တာနှိုင်းယှဉ်မှု
          အချစ်နဲ့မေတ္တာရဲ့ ကြားကကွဲပြားခြားမှုကို တို့အားလုံး သဘောပေါက် နားလည်သင့်ပါတယ်။  
   အချစ်ဆိုတာကတော့ လိုချင်မှု တောင်းတမှု စိုးရိမ် ကြောင့်ကြ ပူပန်မှုတွေနဲ့ ရပ်တည်နေတယ် ။
  တို့အားလုံးရဲ့စိတ်က အချစ်ဆိုတဲ့အရာကို ခံစားနေမယ်ဆိုရင်..........
  ငါတို့ရဲ့ စိတ်တွေမှာ လိုချင်မှု တောင်းတမှု စိုးရိမ်ကြောင့်ကြပူပန်မှုတွေ ရောက်ရှိလာပါမယ်။
  ဒီအချစ်ဆိုတာရဲ့ အဓိကရည်ရွယ်ချက်လေးကတော့ မိမိလိုချင်သော
  တစ်စုံတစ်ခု တစ်စုံတစ်ယောက်ကို ပိုင်ဆိုင်လိုခြင်းပါပဲ………………။

         ဒါပေမယ့် မေတ္တာတရားရဲ့ ဆိုလိုရင်းကတော့ ဖြူစင်သောမေတ္တာ အေးမျှကြည်လင်တည်ငြိမ်မှု စစ်မှန်တဲ့ ပျော်ရွှင်မှုကိုပေးစွမ်းခြင်းပါပဲ…………
 သတ္တ၀ါတွေအားလုံးရဲ့အပေါ်မှာ တို့ရဲ့မေတ္တာတရားတွေဖြန့်ဝေထားမယ်ဆိုရင် တို့ရဲ့စိတ်မှာ အေးချမ်း တည်ငြိမ်စစ်မှန်တဲ့ပျော်ရွှင်မှုတွေကို
 ခံစားရမှာသေချာပါတယ်……. မေတ္တာတရား၏ အဓိကရည်ရွယ်ချက်လေးကတော့ အားလုံးသော သတ္တ၀ါတွေ
 စစ်မှန်တဲ့ပျော်ရွှင်မှုတွေကို ရရှိစေဖို့ပါပဲ

                        အချစ်ဆိုတာ  ပူပြင်းတဲ့ မီးလုံးကြီးကို ရင်ထဲမှာ ပိုက်ထားရသလိုပါ……..။
                        မေတ္တာဆိုတာ အေးမျှတဲ့ ရေလုံးကြီးကို ရင်ထဲမှာ ပိုက်ထားရသလိုပါ………….။
                                                                                      
                                        
                                      Love and loving kindness
        We shout know the difference between love and loving kindness.
  Love mean greed, yearn, anxiety and grief.
  When our mind is feeling on the object of love, our mind become greed, yearn, anxiety and grief
  and concern.
  The purpose of love is to achieve we need to something or someone.
                                                
           But loving kindness means compassionate or calm, tranquil and real happiness.
   If we put loving kindness for all being, in our mind will be fell calm, tranquil and real happiness.
   This purpose of loving kindness is to attain real happiness for all being.

      So the love is worried or anxious about something. The Love can give worries.                                                   
      Or love is worrying.   
      Loving kindness distribute calm, tranquil and real happiness.
                                                                               

ဗုဒ္ဓတရားနှင့် အလ္လာန်ရဲ့အမိန့်တော် နှိုင်းယှဉ်မှု

        ဗုဒ္ဓတရားနှင့် အလ္လာန်ရဲ့အမိန့်တော် နှိုင်းယှဉ်မှု


ဘာသာဝါဒ မတူကြ၍ လောကအတွင်း ငြင်းခုံခြင်းဖြင့် ဆင်းရဲဒုက္ခရောက်ကုန်ကြမယ်။ ၀ါဒအယူ မှားခဲ့မူကား ဆူဆူဗုဒ္ဓကယ်မရသည့် လေးဝပါယ်ဘုံ ဘေးတွေ့ကြုံလိမ့် စေ့စုံဥာဏ်ဖြင့် မျှော်ထောက်ချင့်ကာ ..........

တဆင့်စကား၊

မိရိုးဖလာ၊

ကောလာဟလ၊

ကျမ်းစာမျှနှင့်

ကြံဆနည်းမှီ၊

ဆီလျှော်သုံးသတ်၊

ယူချင်းထပ်၍၊

ယုံအပ်သူပဲ၊

ဆရာစွဲဖြင့်၊

    လွဲပုံစိတ်ချ မယုံကြလင့် ဒိဋ္ဌကျင့်ကြံ ကိုယ်ပိုင်ဥာဏ်ဖြင့် မှားမှန်ကောင်းဆိုး သိအောင်ကြိုးယူ ၀ါဒအယူစစ်တမ်းတည်းလို့ ဗုဒ္ဓကဟောကြားခဲလေတယ် ...................................ဗုဒ္ဓက သူ့အယူဝါဒမှန်တယ်လို့ဘယ်သောအခါကမှ မပြောခဲ့သလို ၀င်လာပါလို့လည်း မပြောခဲ့ပါ။ ကိုယ်ပိုင် အသိဖြင့်လေ့လာကြည့်ပါ ကျင့်ကြံကြည့်ပါ မှန်တယ်ဆိုမှ ဗုဒ္ဓအယူဝါဒကို လက်ခံပါလို့ဟောကြားထားခဲ့တယ်လေ။

        မြန်မာပြည်က မြန်မာလူမျိုးတွေဟာ ဗုဒ္ဓတရာတွေနဲ့အေးချမ်းနေတာကို စစ်ဘေးတွေသင့်ရောက်လာဖို့ဘယ်တော့မှ မလုပ်ဆောင်ပါနဲ့ပြောကြာလိုက်ပါတယ်။ မြန်မာပြည်ကအထက်အရာရှိကြီးများ

   ကိုယ်တည်းတစ်ယောက်ကောက်ကျိုးရဖို့အရေး ဗုဒ္ဓတရားတွေကွယ်ပျောက်ဖို့ရာ ဘယ်တော့မှမလိုပါနဲ့ ....................................

do not believe in conjectures;

do not believe in that as truth to which you have become attached by habit;

do not believe merely the authority of your teachers and elders.

then accept it and live up to it."

do not believe in conjectures;

do not believe in that as truth to which you have become attached by habit;

do not believe merely the authority of your teachers and elders.

 After observation and analysis, when it agrees with reason and is conducive to the good and gain of one and all,

then accept it and live up to it."
                                                                                                                                                                                         
            OIC ဆိုသော ဘာသာတွေရဲ့တရားက ဒီလိုဆိုတာမှတ်ထားကြပါ

အစ်လာန်ဘာသာဝင်မှ အပဖြစ်သော ဘာသာဝင်အားလုံးကိုချေမှုန်းပစ်တော်မူပါ။

ထိုဘာသာဝင်များ၏ အစည်းအရုံးများကို ဖြိုခွဲပစ်တော်မူပါ။

ထိုဘာသာဝင်များ၏ အောက်ချေများကို ရိုက်ချိုးပစ်တော်မူပါ။

ထိုဘာသာဝင်များ၏ မြို့ရွာများကို မြေလှန်ပစ်တော်မူပါ။

အလ္လာန်ဘုရားသခင်၏ အမိန့်တော်ကို မနာခံသော မိစ္ဆာဒိဋ္ဌိများ အခြားဘာသာဝင်များ

အားလုံးကို မည်သည့်အခါမှ နာလှန်မထူနိုင်အောင် ဘေးရန်အန္တရာယ်များ ကပ်ဆိုးများ ဥပါဒ်များကို ချပေးတော်မူပါ ။  '' ကဲဒါတရားတဲ့

                   ဒီတရားနဲ့အညီလုပ်ဆောင်သွားမယ်ဆိုတာ သိထားဖို့လိုအပ်ပါတယ် ။ စရိုတ်ကြမ်းသောသူအတွက် အသက်တစ်ချောင်းဟာ အလကားပါ ဒါကြောင့် အသေခံဗုံခွဲရဲတယ်ဆိုတာ သိသင့်ပါသည်။ မြန်မာပြည်ကို ဗုံးမိုးတွေမရွာဘူးလို့ ဘယ်လိုမှပြောလို့မရပါဘူး သူတို့ဘာသာဝင်တွေမှာ တရားမရှိ ကိုယ်ကျင့်တရားမရှိတဲ့အတွက် မြန်မာပြည်ကို ဖျက်ဖို့ရာ သူတို့အတွက် မခက်ခဲ့ပါ။ OIC ခေါ်တဲ့သူတို့ဘာသာဝင်တွေရဲ့ အခံတံတိုင်းကြီး မရောက်သေးတာတောင် ဒီလို ပြဿနာတွေဖြစ်လာတာ OIC သာရောက်လာရင်ဘယ်လိုလုပ်မလဲဆိုတာ မတွေးတတ်လေယောလား...........

ဒီလို အထက်လူကြီး အစိုးရ အုပ်ချူပ်မှုမျိုး စိတ်ဓါတ်နှင့်သာ လုပ်ဆောင်သွားမယ်ဆိုပါက ဘယ်သောအခါမှ အေးချမ်းလိမ့်မည်မဟုတ်ပေ...........

ပြည်သူ.ပြည်သားတွေ အမြဲတမ်း အနစ်နာခံရမယ်သာ မှန်ပေသည်.............................ယခု တရာဥပဒေသည် သူတို့ကို ကာကွယ်ပေးယုံသက်သက်ဟု ထင်မြင်မိပါသည်။

ပြည်သူပြည်သားတွေ နစ်နာခြင်းတွေကို အလေးမထားသော ဥပဒေသာဖြစ်ကြောင်း အသိပေးပြောကြားလိုက်ရပါသည်......



Friday, July 27, 2012

တို့ဝေးမှာလား

  တို့ဝေးမှာလား

ခင်လာမယ်လို့ မထင်ခဲ့
မျှော်တတ်မယ်လို့ မတွက်ခဲ့ 
မင်းကြောင့် ပျော်ရွှင်တတ်ခဲ့ပါပြီ.........

တွေ့ရရက်တွေ နည်းခဲ့ပေ
လွမ်းရရက်ရှည် ကြာညောင်းလေမှာ
ကြောက်မိနေတာ အမှန်ပါ..............

မင်းရဲ့ ရိုးသားတဲ့ စိတ်ထား
ဖော်ရွေတဲ့ အပြုံးများ
ပွင့်လင်းတဲ့ နှုတ်ဖျား
ကံကြမ္မာဆိုးတွေကြောင့်
ဝေးကြလေမလား..........

ဘယ်လောက် ဝေးဝေး
ဘယ်တွေ ရောက်ရောက်
ရေမြေတွေခြား ဝေးကွာသွားလည်း
ရင်မှာအမြဲ နင်ရှိဆဲပါ.......... 
 
ဖုန်းလှိုင်းပေါ်က ဒီအသံ
အချိန်ရောက်တော့ မျှော်မိပြန်
တစ်နေ့ဝေးရန် ကြောက်မိပြန်တာ
အမှန်ပါ.......................

နားလည်ပေးပါ


­­

   နားလည်ပေးပါ

လွမ်းမိခဲ့တယ်

နေ့တွေကို အတွေနဲ့ကျော်ဖြတ်

သူကြောင့် ပျော်ရွှင်တတ်ခဲ့တာကို

နားလည်ပေးပါ............

လွမ်းလွန်းလို့ ပူဆွေ

ငါတွေးတဲ့  နေ့တွေမှာ

မင်းအကြာင်းတွေ ဆိုတာ

နားလည်ပေးပါ............

မေ့လိုက်ချင်ပါတယ်

ရောက်လာတာက မင်းအကြောင်း

တွေးမိနေတာ မင်းပုံရိပ်

မသိစိတ်ရဲ့ အိပ်မက်လေးမှာတောင်

စိုးမိုးလာတယ်......
ကံဆိုးချင်းတွေ ဆိုက်ရောက်လာ

အွန်းလိုက်ပျောက်မှာ ကြောက်မိတာ

အဲ့ဒါ ငါ့အတွေးလေးပါ..............။

ကြုံကာတစ်နေ့ ဆုံကာတွေ့ရင်

အရင်လိုပဲ ခင်ပေးပါ..................

မင်းအတွက် ထာဝရ









Monday, June 4, 2012

ရူးသွပ်နေသူ

ဘ၀တစ်ကွေ့
ခဏတွေ့လည်း
ရင်မှာအမြဲ
ကြင်နာဆဲမို့
တို့ရဲ့အသည်း 
ကျွမ်းလုသွားလည်း
ချစ်နေမယ်....................။
ရေမြေတွေခြား
ဝေးကွာသွားလည်း
စိတ်မှာအမြဲ
မြင်ယောင်ဆဲမို့
လေလိုင်းကိုလည်း
အားကိုးတယ်..........။
ဘယ်လောက်ဝေးဝေး
ဘယ်တွေရောက်ရောက်
မျက်ဝန်းထဲမှာ
သူ့ပုံရိပ်
အတွေးတိုင်းမှာ
သူ့ရုပ်လွှာ
မေ့မရတာ
ချစ်လို့ပါ ......................။
တို့အိမ်မက်မှာ
သူဝင်ပါ 
သူစကားတွေ
အရမ်းချိုသာ
လန့်နိုးလာမှ
ဟာ..............................။
လက်တွေ့ဘ၀နဲ့
အရမ်းကွာခြား
မင်းအမုန်းကြောင့်
ငါသေသွားလေမလား............။


Saturday, June 2, 2012

သူတို့ဘ၀တွေ အေးမျှစေ


မြူမှုံတွေ အုံ့မှိုင်း
တောင်တန်းတွေ ရစ်ကာသိုင်းတဲ့ 
ချင်းတောင်စဉ်ကြား
လေးမြို့ချောင်းဖျားရဲ့
တောင်စွယ်လေးမှာ
ကော်ဖီခွက်ရယ် အတွေးလေးတစ်စရယ်
ထူးထူးခြားခြား သူတို့ဘ၀အကြောင်းလေး တွေရယ်ပေါ့.......။
ရိုးသားတဲ့ သဘာဝ 
ဖော်ရွေတဲ့ သူတို့ဘဝ
ကူညီပေးတဲ့ သူတို့မန 
ဘယ်သောအခါမှ မေ့မရ..........
အော်.........သူတို့တွေရဲ့ဘဝ
အစဉ်မှပြေပါစွ..........။
တောင်တန်းတွေပေါ် တာဝန်ကျ
ဘာသာရေးတွက် ကြိုးပန်းရ
ငှက်ဖျားတွေကို ကာကွယ်မှ
တစ်ချို့က အသက်ပါပေးခဲ့ကြ
တွေးမိလေတိုင်း ၀မ်းနည်းရ
အော်.......တောင်တန်းဘ၀.......။
တောင်တန်းပေါ်က ဘ၀ 
နှစ်နှစ်ပြည့်လို့ ပြီးဆုံးက
ဘ၀ရှေ့ရေး အစဉ်တွေး
ပညာရေးတွက် ခရီးထွက်
အလင်္ကာမြေမှာ အပျော်တွေဆက်
တောင်တန်းတွေနဲ့ ကွာခြားချက်
ဝမ်းနည်းမှုတွေ ရင်စို့တက်
သနားမှုတွေ အနှိုင်းမဲ့
အတွေးတစ်စက နောက်သို့လှည့်
တောင်းတန်းဘ၀ကို အမှတ်တမဲ့
တမ်းတမှုတွေ ပြည့်နက်ခဲ့
.............................................
တောင်တန်းပေါ်က သူတို့ဘဝ
အော်.......အစဉ်မှပြေပါစွ.........................
 

Sunday, May 27, 2012

ဘာသာရေးစစ်တမ်း အပိုင်း ၁







    ကာလာမတို့ကိုပြောခဲ့သည်မှာ...........................................
ကာလာမရွာသားများက ဘာသာရေးခေါင်းဆောင်တွေရောက်လာတိုင်းရောက်လာတိုင်း တရားနာခြင်း တရားစကားဆွေးနွေးခြင်းများလည်းပြုလုပ်ကြပါတယ်။ ရောက်လာတဲ့ဘာသာရေးခေါင်းဆောင်တိုင်းက ငါ့ဘာသာကကောင်းတယ် ငါ့ဘာသာကမှန်တယ် တစ်ခြားဘာသာရေးတွေက ဘာမှမဟုတ်ဘူးဆိုပြီးရောက်လာတဲ့ဘာသာရေးခေါင်းဆောင်တိုင်းက ပြောသွားကြလို့ ကာလာမရွာသွားတွေမှာ ဘယ်အရာကအမှန် ဘယ်အရာကအမှား ဆိုတာ တကယ်ကိုဝေခွဲမရဖြစ်နေခဲ့ရတယ် ။ 
      တစ်နေ့မှာ သဗ္ဗညုတဥာဏ်ပိုင်ရှင် [အလုံးစုံသိမြင်နိုင်သော ] မြတ်စွာဘုရားက ကာလာမရွာကိုရောက်လာခဲ့ပါတယ် ။ ကာလာမရွာသားတွေက ဂေါတမဆိုသော ဘာသာရေးခေါင်းဆောင်ရောက်လာပြန်ပြီတဲ့ အရှင်ဂေါတမလည်း ရှေးအရင်က ဟောသွားတဲ့ ဘာသာရေးခေါင်းဆောင်တွေလိုပဲ သူ့ရဲ့ဘာသာကောင်းတယ် သူ့ရဲ့ဘာသာကမှန်တယ်လို့ ပြောမှာပဲဟု ထင်ခဲ့ကြတယ် ။ ဒီလိုနဲ့ တရားပွဲကျင်းပကြလေရာ တရားမဟောခင် ကာလာမရွာသားများက ဘုရားကိုစကားလေးအနည်းငယ်လျှောက်ထားကြပါတယ် အဲ့ဒါလေးကတော့ '' ရှင်တော်ဂေါတမဘုရား အကျွန်ုပ်တို့ကို သူတို့ဘာသာပဲကောင်းတယ် သူတို့ဘာသာပဲမှန်တယ်လို့ဟောခဲ့ပါတယ် ဘုရား''  ဒါကြောင့် ဘယ်တရားကအမှန် ဘယ်တရားကအမှားဆိုတာ ဟောကြားတော်မူပါဘုရားလို့လျှောက်ထားပါတယ်'' 
      မြတ်စွာဘုရားရှင်က  ``ကာလာမတို့  .   .  .
                ဘာသာဝါဒ မတူကြ၍ လောကအတွင်း ငြင်းခုန်းခြင်းဖြင့် ဆင်းရဲဒုက္ခရောက်ကုန်ကြ၏။ ၀ါဒအယူ မှားခဲ့မူကား ဆူဆူဗုဒ္ဓ ကယ်မရသည့် လေးဝပါယ်ဘုံ
 ဘေးတွေ့ကြုံလိမ့် စေ့စုံဥာဏ်ဖြင့် မျှော်ထောက်ခြင့်ကာ . . . .
၁။ တစ်ဆင့်စကား
၂။ မိရိုးဖလာ
၃။ကောလာဟလ
၎။ကျမ်းစာမျှနှင့်
၅။ကြံဆ
၆။နည်းမှီ
၇။ဆီလျော်သုံးသပ်
၈။ယူချင်းထပ်၍
၉။ယုံအပ်သူပဲ
၁၀။ဆရာစွဲဖြင့်
လွဲပုံစိတ်ချ မယူကြလင့် ဒိဋ္ဌကျင့်ကြံ ကိုယ်ပိုင်ဥာဏ်ဖြင့် မှားမှန်ကောင်းဆိုး သိအောင်ကြိုးဟု မျိုးကာလာမ ဟောညွှန်ပြ ဗုဒ္ဓအယူစစ်တမ်းတည်း ´´ လို့ဟောကြာခဲ့လေတယ် ။

Saturday, May 26, 2012

ငါ့ဘ၀တစ်လျှောက် မင်းကြောင့်

 ငါနင့်ကိုချစ်ခဲ့မိလို့  မသိစိတ်မှာစိုးရိမ်
ဝေးနေချိန်မှာ စိတ်မချ 
အလွမ်းတွေနဲ့ နေ့ရက်တွေကို 
ဖြတ်သန်းနေရတာ ရင်မှာလည်းပန်း
စိတ်မှာလည်း နွမ်းလျှလို့နေခဲ့ဘူးတယ်..........။
တကယ်တော့ ငါ့အချစ်ဟာ
မင်းရင်ကို မပျော်ရွှင်စေခဲ့တာပါလို့ 
အကြိမ်ကြိမ်  ငါ့ကိုပြောတာ  ငါနားလည်ပါတယ် 
တစ်ခြားရင်ခွင် ပြောင်းနေချင်တဲ့ မင်းကို
ငါမတားရက်တော့ပါဘူး  ......................။
ချစ်ခဲ့စဉ် ဟိုချိန်ခါက.................
မင်းပြောခဲ့တဲ့စကား ငါ့ရင်မှာ အခုထိထင်ကျန်ဆဲပါ
''ငါကမှတစ်ခြား'' တဲ့ ဆိုသောမင်းအပြော 
အခုတော့ မေ့ယောပေါ့.................။
မင်းထားခဲ့လို့ လွမ်းခဲ့ဘူးပြီ
မင်းထားခဲ့လို့ ငိုခဲ့ဘူးပြီ
မင်းထားခဲ့လို့ လေခဲ့ဘူးပြီ
ပြီးတော့ ..............
မင်းမုန်ုးလိုက်လို့ ငါ့ဘ၀.......
နေသားကြဖို့ကြိုးစားနေပြီ.........။
အကြောင်းပြချက်မရှိပဲ လမ်းခွဲသွားတဲ့
 ကောင်မလေးရယ်
မင်းဘ၀လေး အရာရာ အဆင်ပြေတယ်ဆိုရင်ပဲ
ငါပျော်နေပါ့မယ် ငါကျေနပ်နေလိုက်ပါ့မယ် 
မင်းအတွက် ငါကချစ်သူမဟုတ်ခဲ့ရင်တောင်
သူငယ်ချင်းလေးအဖြစ်နဲ့ မင်းအနားမှာ
နေခွင့်လေးရရင်ပဲ ငါ့အတွက်ပြည့်စုံလှပါပြီ..........။
                               
                             

Wednesday, May 23, 2012

တစ်ခါတစ်လေ ကိုယ်ကအနိုင်ရမယ်မှန်းသိပါလျှက် အရှုံးပေးလို့ရလာတဲ့ ပျော်ရွှင်မှုလေးက ဘယ်အရာနှင့်မှ ပြောပြလို့မရအောင်ပါ။
  တစ်ခုတော့ မှတ်ထားပေးကြပါ သူတစ်ပါးကို နင်းပြီးရလာမယ့် အခွင့်အရေးမျိုးဆို ဘယ်တော့မှမလုပ်မိအောင် ကြိုးစားကြမယ်။

တကယ်တော့ သံယောဇဉ်ဆိုတာ


တကယ်တော့ သံယောဖဉ်ဆိုတာ မြင်ရခက်တယ် ဥပမာပြောရရင်တော့ကြာဖူးကြတဲ့ အတိုင်းပဲပြောရရင်တော့................
´နွယ်´ပင်တွေလိုပဲ နွယ်ပင်လေးက ရစ်ပတ်ခါစတော့မြဲမယ်လို့ ဘယ်သူကထင်မှာလည်း ကြီးထွားလာရင်တော့သတ်ဖို့ခက်တယ်။အဲ့ဒိလိုပဲနော် သံယောဇဉ်ဆိုတာကလည်း မတွယ်ခင်ကတော့ စွဲလမ်းမယ်လို့မထင်ကြဘူး တကယ်စွဲလမ်းသွားတော့မှ တားမရစီးမရ အ၀ိဖ္ဖာတွေပိတ်ဖုံးလာတော့ အရာရာရင်ဆိုင်ရဲလာတယ်။ တကယ်တော့သတ္တိတော့မဟုဘူးနော်
အ၀ိဇ္ဖာရဲ အမှန်မသိနိုင်တဲ့တားစီးချင်းကို ခံလိုက်ရတာပဲ။ သံယောဖဉ်ဆိုတာ ကြာရင် တဏှာကိုကူးဆက်တတ်တဲ့အရာလို့ လူတိုင်းကသိလောက်ပါတယ်။ ဒါကြောင့် အချစ်ဆိုတာကို မခင်တွယ်မိအောင် သတိဆောင်မိကြပါစေလို့ ပြောလိုက်ချင်ပါတယ်။





မှတ်ချက် ။ အကျွန်ုပ်လည်း ကြိုးစားဆဲပါ။

'' သိလျှက်နဲ့ပါ ''

တွယ်တာအဝေးသို့ ဖယ်ခွာပြေးလို့
ကွယ်ရာမှာ ဆွေးရမယ်ဆိုတာ............
ကြင်နာသမျှ အလင်္ကာမလှသမို့
ရင်နာမယ်ဆိုတာ................
စွဲလမ်းသမျှ ခွဲတမ်းချလို့
အသည်းကျွမ်းရမယ်ဆိုတာ............
သမုဒယမြှားချက်ကြောင့် ပြုသမျှအမှာဖက်လို့
ယခုဘ၀မှာ အလွမ်းခက်ရမယ်ဆိုတာ..............

     သိလျှက်နဲပါ................

အပေးအယူ အလွန်များတဲ့ လောကကြီးမှာ မျှော်လင့်ခြင်းများမပါပဲ အပေးအယူလေးလုပ်ကြည့်ချင်တယ် ပြန်ရဖို့တော့မမျှော်ကိုးတတ်ပါဘူး
ဒါပေမယ့် သူ့ကိုအပြည့်အ၀ပေးလိုက်မယ် နာလည်မှုများထည့်သွင်းပေးထားတဲ့မေတ္တာအိပ်ကလေးတစ်လုံးကိုပါ။
                                                                                   သူငယ်ချင်းများအားလုံး နေ့တွေတိုင်းရဲ့ပျော်ရွှင်မှုများ ရရှိကြပါစေ။

Tuesday, May 22, 2012

ငှက်ကလေးတစ်ကောင်ရဲ့ ဆန္ဒတစ်စုံ


    အတောင်တစ်စုံ မောဟိုက်လို့
ပျံသန်းရာလမ်းမှာ တစ်ခဏ
နားခိုခဲ့တာ မဟုတ်ပါဘူး.......။
   တစ်ဘ၀စာ နားခိုမှုတွေနဲ့
သံယောဇဉ် နွယ်တစ်မျှင်ပေါ်
မှေးစက်ကာနားခို ချစ်စကားတွေ
ဆိုခဲ့မိတာပါ.........။
    အမုန်းမိုးတွေလည်း မဆိုစွတ်ဘူး
နားခိုရလည်း မရှာဘူး
အလွမ်းဒဏ်လည်း မသင့်ဘူးတာကြောင့်
တစ်ဘ၀စာ ခံစားရအောင်
ယမ်းခါလို့တော့ မချလိုက်ပါနဲ့........။
    အလွမ်းကို စိုးရွံ့လို့
အဝေးကို မပျံသန်းဝံ့တော့ပေမယ့်
တစ်ခဏတာ ထွက်ခွာမိတာကို
တစ်ဘ၀စာ ဝေးပြီအထင်နဲ့
ကျေးဇူးပြုလို့ ငါ့အတွက်
ပြန်လာခြင်းမဲ့  နှုတ်ဆက်မှုတွေနဲ့
      လက်တော့မပြလိုက်ပါနဲ့ ............နွယ်


                                                       အငှားရင်ဘတ်နှင့် ခံစားတင်ပြသည် ။

'' အဆင်သင့်ပါပဲ ''


     ထားရင်လည်း နေခဲ့ပါ့မယ်
သတ်ရင်လည်း သေပေးပါ့မယ့်
ရင်နှင်မမျှအောင် ခံစားခိုင်းရင်လည်း
ငါ့ဘ၀တစ်ခုလုံး နင်စေရာ
ခေါင်းငုံ့ထားပါတယ်
             လမင်းလေးရယ်......။
     ကမ်းလှမ်းခဲ့တဲ့လက်ကို
ဖြတ်လိုက်မယ့် စကားတွေကြောင့်
ငါ့ရင်မှ မျက်ရည်မိုးတွေ
အကြိမ်ကြိမ် ပြိုရပါလိမ့်မယ်
အလွမ်းဒဏ်လည်း သင့်နေရပါလိမ့်မယ်
             လမင်းလေးရယ်..........။
    မျက်ရည်တွေ အကြွေများတဲ့ငါ့ကို
စိတ်ကူးတွေ သေသွားအောင်
စီရင်ရာ ဘယ်လိုစကားနဲ့မှ
လှည့်စားကာ မပြောလိုက်ပါနဲ့
             လမင်းလေးရယ်......။
    ငါအပ်ထားတဲ့ ပါးအစုံဟာ
လမင်းလေးရဲ့ လက်ဝါးရှေ့မှာ
ဒါမှမဟုတ် နှုတ်ခမ်းလေးရှေ့မှာ
စီရင်ရာ အဆင်သင့်ပါပဲဟာ
          အဆင်သင့်ပါပဲ လမင်းလေးရယ်...........။
                                                               


'' နတ်ဆိုးလေးမဟုတ်ပါ ''


မမုန်းတတ်လို့ မဟုတ်ပါဘူး ကျနော်သူ့ကို မုန်းလို့မရခဲ့တာပါ။
မမေ့တတ်လို့ မဟုတ်ပါဘူး ကျနော်သူ့ကို မေးလို့မရခဲ့တာပါ။
မစွန့်လွတ်တတ်လို့ မဟုတ်ပါဘူး ကျနော်သူ့ကို စွန့်လွတ်လို့ မရခဲ့တာပါ။
ဒါကြောင့် တစ်စုံတစ်ယောက်သော သူအတွက် အရာရာကို စွန့်စားရဲတာ အရာရာစွန့်လွတ်ရဲတာ အရာရာပေးဆပ်ရဲတာဟာ အချစ်စစ်ဆိုရင် ''ကျနော် သူ့ကို တကယ်ချစ်မိနေတာ'' ဖြစ်မှာပါ။
ကျနော်က သူ့အတွက် အရာရာ ပျော်ရွှင်အောင် ဖန်တီးပေးနိုင်တဲ့'' မှော်ဆရာလေး''မဟုတ်ခဲ့ရင်တောင် သူကိုစိတ်ဆင်းရဲရအောင်ဖန်တီးတတ်
တဲ့ ''နတ်ဆိုးလေး '' ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူးဆိုတာ သချာပါတယ် ...................။

'' ထားခဲ့လိုက်ပါ ''



ထားခဲ့လိုက်ပါ
ရံရွေဖော် ကြယ်အသင့်နဲ့
လှပတဲ့ ကောင်းကင်ထက်မှာ
လမင်းဘ၀နဲ့ ကြယ်စင်
အလွန်ပင် လိုက်ဖက်ပါတယ်...........။
လမင်းလေး.........ရယ်
ဒီဘ၀ ဒီမျှ လေးပဲဆိုတာ
ကြယ်စင်တွေ မပြောလည်းသိ
လေညှင်းတွေ မပြောလည်းကြား
နားလည်ပြီးသားပါ
လမင်းလေး...........ရယ်။
လွမ်းနေမှာပါ...............
လမင်းလေးရဲ့ တမ်းတမှုတစ်ပွင့်စာလောက်
အမှတ်ရဖို့ မထိုက်တန်တဲ့ငါ့ကို
သတိမရပါနဲ့တော့
လမင်းလးရယ်.................။
ငါ့နှလုံးသားက
အလွမ်းရှိန်ကြောင့် ယောကိုင်းလာရင်
နာကျဉ်းစွာပြောခဲ့တဲ့ စကားလေးတွစီ
အတွေးပြန်လည် လှည့်ကြည့်လိုက်ပါ့မယ်
အဲ့ဒါရိုးရာဖြေဆေးပဲ မဟုတ်လား?
ထားခဲ့လိုက်ပါ
လမင်းလေးရယ်...................။
လပြည့်ညလေးရဲ့ ရယ်မောသံတွေက
ပျော်စရာတွေအားလုံးထက်
အင်အားပြင်းခဲ့တယ်ဆိုတာ
လမင်းလေး မသိလိုက်ပါဘူးဟာ
ဒါကြောင့် ..............................
ထားခဲ့လိုက်ပါ လမင်းလေးရယ်..............................။

Say you will, Say you will.

say you will, say you will
say you will, say you will be mine I just keep missing you tonight.
I feel so unsure. I feel so alone. I jest don't dear to open my eyes.
Into deep going in too deep . just can't get you out of my mind.
Baby no matter just how hard I try. I don't want to be alone tonight.
won't you be my guilding light lead the way to be by your side.
won't you be my star tonight I need neon then a neon light.
Never say ''goody bye '' between you and with me
If you say '' good bye '' I 'll die. In this world you are just only in my heart.
                                                                                              ကိုအောင်.........