Tuesday, May 22, 2012

'' အဆင်သင့်ပါပဲ ''


     ထားရင်လည်း နေခဲ့ပါ့မယ်
သတ်ရင်လည်း သေပေးပါ့မယ့်
ရင်နှင်မမျှအောင် ခံစားခိုင်းရင်လည်း
ငါ့ဘ၀တစ်ခုလုံး နင်စေရာ
ခေါင်းငုံ့ထားပါတယ်
             လမင်းလေးရယ်......။
     ကမ်းလှမ်းခဲ့တဲ့လက်ကို
ဖြတ်လိုက်မယ့် စကားတွေကြောင့်
ငါ့ရင်မှ မျက်ရည်မိုးတွေ
အကြိမ်ကြိမ် ပြိုရပါလိမ့်မယ်
အလွမ်းဒဏ်လည်း သင့်နေရပါလိမ့်မယ်
             လမင်းလေးရယ်..........။
    မျက်ရည်တွေ အကြွေများတဲ့ငါ့ကို
စိတ်ကူးတွေ သေသွားအောင်
စီရင်ရာ ဘယ်လိုစကားနဲ့မှ
လှည့်စားကာ မပြောလိုက်ပါနဲ့
             လမင်းလေးရယ်......။
    ငါအပ်ထားတဲ့ ပါးအစုံဟာ
လမင်းလေးရဲ့ လက်ဝါးရှေ့မှာ
ဒါမှမဟုတ် နှုတ်ခမ်းလေးရှေ့မှာ
စီရင်ရာ အဆင်သင့်ပါပဲဟာ
          အဆင်သင့်ပါပဲ လမင်းလေးရယ်...........။
                                                               


No comments:

Post a Comment